Open Collaboration

We open collaboration for

Data Ranger, Data Scientist, Apps Engineer, Mobile Designer, Communication & Public Health to join in this initiation.

JOIN US
MyanmarFightCovid19.com

www.myanmarfightcovid19.com

Covid 19 ဆိုတာ အခု လက်ရှိ ကမ္ဘာကြီးကို ကိုင်လှုပ်နေတဲ့ ဝူဟန်ဗိုင်းရပ်စ်ခေါ် Coronavirus 2019 ကို ဆိုလိုတာဖြစ်ပါတယ်။

စတင်ဖြစ်ပေါ်ရာနေရာ(origin)
ဒီပိုးက တကယ်တော့ ကျွန်တော်တို့အတွက် အရမ်းကြီးအသစ်၊ တစ်ခါမှ မမြင်ဖူး၊ အရမ်းသူစိမ်းဆန်တဲ့ ပိုးတစ်မျိုးတော့မဟုတ်ပါဘူး။ ဒီပိုးရဲ့ ညီအစ်ကို ပိုး ( မျိုးစိတ်တူပိုး) တွေဟာ နိုင်ငံတကာမှာ ဝင်ရောက်ပြန့်နှံ့ခဲ့ဖူးပါတယ်။
၂၀၀၂ ခုနစ် နှစ်ဦးပိုင်းမှာ civet horseshoe bat လို့ခေါ်တဲ့ လင်းနို့ တစ်မျိုးကနေစတင်ပြီး ပြန့်နှံ့ခဲ့တဲ့ ဆားစ် အဆုတ်ရောင်ရောဂါ (SARS) ဆိုတာ ကြားဖူးမယ်၊ မှတ်မိဦးမယ်လို့ ထင်ပါတယ်။ တရုတ်နိုင်ငံမှစတင် ပြန့်နှံ့ခဲ့ပြီး ကမ္ဘာနဲ့ အဝှမ်း လူပေါင်း ၇၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ ဒါ့ပြင် သူနဲ့ မျိုးတူးပိုးမွှားတစ်မျိုးဟာလဲ အရှေ့အလယ်ပိုင်းဒေသမှာ ရှိတဲ့ ကုလားအုတ်များကနေတစ်ဆင့် လူကိုကူးစက်ပြီး MERS ဆိုတဲ့ ရောဂါကို ဖြစ်ပွားစေခဲ့ကာ နိုင်ငံပေါင်း ၂၇ နိုင်ငံမှာ လူပေါင်း ၇၅၀ ကျော် သေဆုံးခဲ့ပါတယ်။ အခု တရုတ်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဝူဟန်နမိုးနီးယားကို ဖြစ်စေတဲ့ Novel Coronavirus ဟာ SARS ရောဂါကို ဖြစ်စေတဲ့ Coronavirus နဲ့ ၇၀%လောက်တူညီတယ်လို့ဆိုပါတယ်။

နောက်ကြောင်းရာဇဝင်
ဝူဟန်မြို့ဟာ တရုတ်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့ဖြစ်ပြီး လူပေါင်း ၁၁ သန်းခန့်နေထိုင်တဲ့ စည်ကားသိုက်မြိုက်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ယခင်က သို့လောသို့လော ဖြစ်နေရာမှ ယခု လက်ရှိသတင်း များအရ အသားငါးပေါင်းစုံရောင်းချရာ ဈေးကြီးမှ တစ်ဆင့် ကူးစက်ပြန့်နှံ့တယ်လို့ ထုတ်ပြန်ကာ ယင်းဈေးကြီးကို ဇန်နဝါရီလ ၁ ရက်နေ့ကတည်းက ပိတ်လိုက်ပြီဖြစ်ပါတယ်။ ယင်းဈေးထဲမှာ ဆိုရင် ကြက်၊ လင်းနို့၊ သမင်၊ အဆိပ်ပြင်းမြွေသားများ၊ တွင်းအောင်းသားများ စုံလင်စွာရောင်းချရာ နေရာတစ်ခုဖြစ်ပြီး ဈေးတွင် အလုပ်လုပ်သောသူ အများစုမှာ ဒီရောဂါပိုးကူးစက်ခံရတာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ခုနစ်ခုမြောက် အကြီးဆုံးမြို့တော်ဖြစ်တဲ့ ဝူဟန်မြို့ဟာ နိုင်ငံခြားသားများစွာ ဝင်ထွက်သွားလာရမြို့ဖြစ်ပြီး လေကြောင်းလိုင်းများဟာ ဥရောပနဲ့ တိုက်ရိုက်ချိတ်ဆက်ထားပါတယ်။ တစ်ပတ်လျှင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့သို့ လေယာဉ်ခြောက်စင်း၊ လန်ဒန်နဲ့ ရောမမြို့များကို တစ်ပတ်လျှင် ၄ ကြိမ်မှ ၅ ကြိမ်ခန့်အထိ ပြေးဆွဲနေတာကြောင့် ဥရောပနိုင်ငံများအနေနဲ့ စိုးရိမ်ပူပန်မှုမြင့်တက်နေတာပဲ ဖြစ်ပါတယ်။

coronavirus များဟာ တိရစ္ဆာန်များရဲ့ ကိုယ်ခန္ဒာထဲမှာ အချိန်အတော်ကြာနေထိုင်နိုင်ပြီး မြင့်မားတဲ့ အပူရှိန်ပေးမှသာ ဒီပိုးတွေဟာ သေနိုင်ပါတယ်။ ဒါကြောင့် ယင်းအသားစိမ်းများကို ထိတွေ့ကိုင်တွယ် ရောင်းချသူများ၊ မကျက်တကျက် (သို့) အစိမ်းစားလေ့ရှိသူများကို ယင်းဗိုင်းရပ်စ်ပိုးဟာ စတင်ကူးစက်ပါတယ်။

ကူးစက်မှုနှုန်း (transmission rate)
Coronavirus ဟာ လူလူချင်း ကူးစက်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး Droplet infection လို့ခေါ်တဲ့ ချောင်းဆိုးတဲ့အခါ ၊ နှာချေတဲ့ အခါထွက်တဲ့ အရည်ထဲမှာ ပါဝင်ပါတယ်။ ရောဂါပိုးရှိသူရဲ့ ၆ ပေပတ်လည့်အထိ ကူးစက်နိုင်ပါတယ်။ နှာချေလိုက်တဲ့အခါ droplet ထိစပ်ရာမျက်နှာပြင်များ၊ လက်ရန်းများကို ကိုင်တွယ်မိခြင်းမှ တစ်ဆင့် ကူးစက်နိုင်ပါတယ်။
ကူးစက်မှုနှုန်းနဲ့ ပတ်သတ်ပြီးပြောရရင် Coronavirus ကူးစက်ခံရသော်လည်း ရောဂါလက္ခဏာမပြသေးသူ ထက် Coronavirus ကူးစက်ခံရပြီး ရောဂါအပြင်းအထန်ခံစားနေရတဲ့သူကနေ အခြားသူတွေကို ကူးစက်ဖို့ အခွင့်အလမ်းအများဆုံး ဖြစ်ပါတယ်။ အချို့ကတော့ ရောဂါပိုးကူးစက်ခံရပေမယ့် မဖျားနာနေရင်တော့ ကူးစက်နိုင်ဖို့ အခွင့်အလမ်းနည်းပါတယ်။
သာမန်လူသားတိုင်းကို ကူးစက်နိုင်ပေမယ့် နဂိုကိုယ်ခံအားနည်းသူတွေ၊ ဖျားနာနေသူတွေ၊ ငယ်လွန်းသော ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုများ၊ အိပ်ယာပေါ် ကြာရှည်စွာ လှဲလျောင်းနေရသူများ စတဲ့ သူတွေမှာ ပိုမို ရောဂါပြင်းထန်စွာဖြစ်ပွားတတ်ပါတယ်။

ရောဂါပိုး၏ ခံနိုင်ရည်(Life-Span of Virus)
လော့အိန်ဂျယ်လိစ့်မှ ပညာရှင်များရဲ့ လေ့လာစမ်းသပ်မှုအရ coronavirus ဟာ အကြမ်းဖျင်းအားဖြင့် လေထဲမှာ ၃ နာရီခန့်၊ ကြေးနီပေါ်မှာ ၄ နာရီခန့်၊ ကတ်ထူတွေ၊ စက္ကူတွေအပေါ်မှာ ဆိုရင် ၂၄ နာရီခန့်၊ ပလတ်စတစ်တွေ၊သံထည်တွေပေါ်မှာဆိုရင် ၂ ရက်မှ သုံးရက်ခန့်အထိ အသက်ရှင်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပိုးတွေထဲမှ အများစုဟာ အခန်းအပူချိန် 86 F ( 30 C) ထက် များတဲ့ အပူချိန်မှာ အသက်ရှင်နေထိုင်ဖို့ ခက်ခဲပါတယ်။

ရောဂါလက္ခဏာတွေဟာ အခြေအနေတွေပေါ်မူတည်ပြီး ကွဲပြားမှုရှိပါတယ်။ အဓိကရောဂါလက္ခဏာ သုံးခုကတော့

  • ဖျားခြင်း၊ ကိုယ်အပူချိန်တက်ခြင်
  • ချောင်းဆိုးခြင်း
  • အသက်ရှုကြပ်ခြင်း စတာတွေဖြစ်ပါတယ်။ မိမိ မိသားစုနဲ့ ပတ်ဝန်းကျင်မှာ ဒီလို ရောဂါလက္ခဏာတွေ ခံစားလာရရင် တော့ သက်ဆိုင်ရာ ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားရောက်သင့်ပါတယ်။
နောက်ဆက်တွဲ ပြင်းထန်လက္ခဏာတွေ အနေနဲ့တော့ အရေးပေါ် လက္ခဏာတွေကို သတိပြု စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါတွေကတော့

  • အသက်ရှုရန်ခက်ခဲလာခြင်း၊ အသက်ရှုကြပ်ခြင်း
  • ရင်ဘတ် စူးအောင့်ခြင်း၊ ရင်ဘတ်ကို တစ်ခုခုနှင့် ဖိထားသလို ခံစားရခြင်း
  • သာမန်ထက်ပိုပြီးအိပ်နေခြင်း၊ ခေါင်းမထောင်နိုင်ခြင်း
  • နှုတ်ခမ်း၊ မျက်နှာတို့ ပြာနှမ်းလာခြင်း စတဲ့ လက္ခဏာတွေကတော့ အရေးပေါ်လက္ခဏာတွေဖြစ်ပါတယ်။ ဒီအချက်တွေထဲက တစ်ခုခု ဖြစ်တာတွေ့တာနဲ့ အမြန်ဆုံးသက်ဆိုင်ရာကို အကြောင်းကြားရမှာ ဖြစ်ပါတယ်။

Symptoms of Covid 19

အခုလက်ရှိအထိတော့ Covid 19 ကို ကာကွယ်ဖို့အတွက် ကာကွယ်ဆေး မပေါ်သေးပါဘူး။ အကောင်းဆုံးကာကွယ်နည်းကတော့ ဒီရောဂါပိုးနဲ့ မထိတွေအောင် ရှောင်ကြဉ်ခြင်းပါပဲ။ ဒီဗိုင်းရပ်စ်ဟာ လူအချင်းချင်း ချောင်းဆိုး၊နှာချေစဉ် ထွက်သောအရည်များကို ထိတွေ့မိခြင်းဖြစ် အထိကကူးစက်တာ ဖြစ်တာကြောင့် ဒီလို့ထိတွေ့မှုကို အဓိကထားရှောင်ကြဉ်သင့်ပါတယ်။

မိမိကိုယ်ကို ကာကွယ်ခြင်း (How to protect yourself)

  • မကြာခဏလက်ဆေးပါ။
    လူဦးရေထူထပ်သောနေရာများအားသွားခြင်း၊ လူနာကြည့်ရှုခြင်း၊ ချောင်းဆိုး၊ နှာချေခြင်း စတဲ့ အရာတွေ လုပ်ပြီးတာနဲ့ ချက်ချင်း လက်ကို ရေ၊ဆပ်ပြာဖြင့် စက္ကန့် ၂၀ ခန့် ကြာအောင် ဆေးကြောပေးခြင်း၊ လက်သန့်ဆေးဖြင့် ဆေးကြောခြင်း စသည်တို့ကို မပျက်မကွက် ပြုလုပ်သင့်ပါတယ်။ လက်သန့်ဆေးများရွေးချယ်ရာတွင်လည်း Alcohol 60% ပါဝင်သော လက်သန့်ဆေးရည်များကိုသာ ရွေးချယ် အသုံးပြုသင့်ပါတယ်။ မဆေးထားသောလက်ဖြင့် ုမျက်လုံးများ၊ နှာခေါင်းများ၊ ပါးစပ်များအား ကိုင်တွယ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
  • နှာစေးချောင်းဆိုးသည့်အခါတွင် ဖုံးအုပ်ပါ။
    နှာစေး၊ ချောင်းဆိုးတဲ့အခါမှာတော့ ပါးစပ်နဲ့ နှာခေါင်းကို လုံအောင်ဖုံးအုပ်သင့်ပါတယ်။ ဒီလို ဖုံးအုပ်တဲ့ အချိန်မှာလည်း လက်ကိုင်ပဝါထက် တစ်ခါသုံးတစ်ရှူးမျိုးကို အသုံးပြုဖို့ အကြံပေးချင်ပါတယ်။ နှာချေစဉ် အသုံးပြုပြီးသော တစ်ရှူးကို အမှိုက်ပုံးထဲသို့ စနစ်တကျ ထည့်ရမှာ ဖြစ်ပါတယ်။ နှာချေပြီး တိုင်း လက်သန့်ဆေးရည်နဲ့ လက်ဆေးဖို့ မမေ့ပါနဲ့။
  • နှာခေါင်းစည်း ( facemask) စည်းပါ။
    ကိုရိုနာဗိုင်းရပ်စပ်ဟာ အရွယ်အစားကြီးမားတဲ့ အတွက် မည်သည့် mask အမျိုးအစားမဆို ကာကွယ်ပေးနိုင်ပါတယ်။ သင်ဟာ ဖျားနာနေမယ်၊ နှာစေးချောင်းဆိုးဖြစ်နေမယ်ဆိုရင်တော့ နှာခေါင်းစည်းကို တပ်ရမှာ ဖြစ်ပါတယ်။ ဖျားနာမနေဘူးဆိုရင်တော့ မဖြစ်မနေတပ်စရာမလိုအပ်ပါဘူး။ ခြွင်းချက်တစ်ခုကတော့ သင်ဟာ နေမကောင်းတဲ့ သူတွေကို ပြုစုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်း၊ ဆရာဝန်၊ သူနာပြု တစ်ဦးဦးဖြစ်ခဲ့ရင်တော့ လူနာနဲ့ ထိတွေ့နေစဉ်မှာ နှာခေါင်းစည်းကို စည်းထားသင့်ပါတယ်။
  • ထိတွေမှုများသော နေရာများအား သန့်ရှင်းရေးပြုလုပ်ခြင်း
    မကြာခဏထိတွေ့နေတဲ့နေရာတွေဖြစ်တဲ့ လုပ်ငန်းသုံးစားပွဲများ၊ တံခါးလက်ကိုင်များ၊ မီးခလုတ်များ၊ လက်ကိုင်များ၊ ဖုန်းများ၊ ကီးဘုတ်များ၊ အိမ်သာများ၊ ရေချိုးကန်များ စတဲ့ အသုံးအဆောင်တွေကို ပိုးသတ်ဆေးရည် ( ဥပမာ Dettol ) ဖြင့် နေစဉ် ဆေးကြောသင့်ပါတယ်။

ကလေးငယ်များအားကာကွယ်ခြင်း (How to protect your children)

ယခုလက်ရှိ Data များအရ Covid19 ဟာ ကလေးငယ်တွေမှာ ဖြစ်ပွားမှုဟာ လူကြီးတွေမှာ ဖြစ်ပွားမှုနှုန်းထက် အတော်လေး သိသိသာသာလျော့နည်းတာကို တွေ့ရပါတယ်။ ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုပြီးတော့ တွက်ထားလို့ မရတာကြောင့် ကလေးငယ်တွေကိုလည်း ဂရုစိုက်ဖို့ လို့အပ်ပါတယ်။
  • ကလေးငယ်တွေကို မထိတွေ့ မကိုင်ခင် လက်ကို ဆပ်ပြာ (သို့) လက်သန့်ဆေးရည်ဖြင့် ဆေးကြောပါ။
  • ချောင်းဆိုးနေသူများ၊ နှာစေးနေသူများမှ ကလေးအား လာရောက်ကိုင်တွယ်ခြင်းကို တားဆီးပါ။
  • ကလေးနှင့် ပတ်ဝန်းကျင်၊ ကလေးထိတွေ့နိုင်သော နေရာများအား နေ့စဉ် သန်ရှ၈်းရေးလုပ်ပါ။ ကလေးအဝတ်များအား ကောင်းမွန်ခြောက်သွေ့စွာ လျော်ဖွတ်ပြီးမှ ဝတ်ဆင်စေပါ။
လက်ရှိ တွေ့ရှိချက်များအရ Covid 19 ကူးစက်ခံရတဲ့ ကလေးတွေအနေနဲ့ သာမန်အအေးမိရင်ဖြစ်တဲ့ လက္ခဏာတွေဖြစ်တဲ့ ကိုယ်အပူချိန်တက်ခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်း စတဲ့ လက္ခဏာတွေနဲ့ ယှဉ်တွဲပြီး တွေ့ရလေ့ရှိပါတယ်။ အချို့သောကလေးတွေမှာ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းမျိုးနဲ့လဲ ဆက်စပ်တွေ့ ရတတ်ပါတယ်။ ကလေးတွေကို mask တပ်ပေးစရာ လုံးဝ မလိုအပ်ပါဘူးဆိုတာလည်း အသိပေးခင်ပါတယ်။

ကိုယ်၀န် ေဆာင်မိခင်များအားကာကွယ်ခြင်း(How to protect for pregnant and breastfeedmother)
ကိုယ်ဝန်ဆောင်မိခင်တွေမှာ Covid 19 ဟာ ပိုမိုကူးစက်ခံရတယ်ဆိုတဲ့ အထောက်အထေား အခုချိန်ထိ မတွေ့ရသေးတဲ့ အတွက် ကိုယ်ဝန်ဆောင်မိခင်တွေဟာ သာမန်လူတွေကာကွယ်သလိုပဲ ကာကွယ်မှုတွေ ပြုလုပ်နိုင်ပါတယ်။ ဒီနေရာမှာတော့ မေးစရာရှိတာကတော့ Covid 19 ကူးစက်ခံရသော ကိုယ်ဝန်ဆောင်မိခင်မှ သန္ဒေသားဆီ ကူးစက်နိုင်သလား ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ အခုအချိန်ထိတော့ Covid 19 ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်မိခင်က မွေးတဲ့ ကလေးငယ်မှာ ရောဂါပိုးပါလာတာတော့ တွေ့ရခြင်းမရှိသေးပါဘူး။ ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်မိခင်ရဲ့ သားအိမ်တွင်းအရည်နဲ့ မိခင်နို့မှာလည်း Covid 19 ရောဂါပိုးကို မတွေ့ပါဘူး။

Prevention Covid 19

Feel free to ask anything

Where you can find us

K -18, NWETHARKI STREET, BAYINTNAUNG PWALYON, MAYANGONE TOWNSHIP, YANGON, MYANMAR